id
stringlengths
16
16
title
stringlengths
3
116
date
stringlengths
11
19
text
stringlengths
2
2.17k
url
stringlengths
42
722
voa-mm-000000103
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါဟာ အာဖရိက တိုက်နဲ့ တခြားဒေသ တွေကိုပါ ကူးစက် ပြန့်နှံ့ နိုင်ခြေရှိနေတာကြောင့် စိုးရိမ်စရာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000104
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီရောဂါ ပြန့်နှံ့ ဖြစ်ပွါးမှုကို တားဆီးဖို့နဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာကနေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000105
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
." ကွန်ဂိုနိုင်ငံမှာ ကူးစက်ပြန့်ပွါးနေတဲ့ mpox မျိုးစိတ်သစ်နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ လေ့လာတဲ့ အခါမှာ ဒီပိုးမျိုးစိတ်သစ်ရဲ့ ပြောင်းလဲရှင်သန်မှုဟာ မျှော်မှန်းထားတာထက် သိပ်ကို မြန်နေတာ တွေ့ခဲ့ရပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000106
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါပေမယ့် ဒါကို လေ့လာဖို့ ပစ္စည်းကရိယာ ကောင်းကောင်း မရှိတဲ့ အပြင် သုတေသန အတွက် အထောက်အပံ့လည်း ကောင်းကောင်း မရတဲ့ အတွက် မှန်းပြီးပဲ ကုသပေးနေရတဲ့ အနေထားဖြစ် နေတယ်လို့ နီဂျေး ဒယ်လ်တာ တက္ကသိုလ် ဆေးရုံက ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီး ဖြစ်တဲ့ WHO ရဲ့ mpox အရေးပေါ် ကော်မတီ ဥက္ကဌ ဒေါက်တာ ဒီမီ အိုဂိုနာ DIMIE OGOINA ကပြောပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000107
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
" အာဖရိကမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျနော်တို့က မှန်းပြီး ကုသနေရတဲ့ သဘောပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000108
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
mpox ရဲ့ သဘာဝ လက္ခဏာတွေ၊ ကူးစက်နိုင်စွမ်းတွေ၊ အန္တရာယ်ရှိတဲ့ အချက်တွေကို သိဖို့ လိုပေမယ့် မသိပဲ ဖြစ်နေပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000109
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
နောက်ပြီး တကယ် အရေးကြီးတာက ကိုယ်လုပ် နိုင်တဲ့ အတိုင်းအတာကို ကိုယ်သိဖို့ လိုပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000110
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ရောဂါ တခုကို တိုက်ဖျက်ဖို့ ကြိုတင်ကာကွယ်ရေး နည်းစံနစ်ချတဲ့ နေရာမှာ ဖြစ်စေ၊ ပုံစံဆွဲတဲ့ အခါမှာ ဖြစ်စေ ဒီရောဂါ အကြောင်းကို နားလည်ထားဖို့ လိုပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000111
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အခု နားမလည်သေးတာဟာ ဒီရောဂါတိုက်ဖျက်ရေး အတွက် ကြီးမားတဲ့ အားနည်းချက် ဖြစ်နေတဲ့အတွက် ကျနော်တို့ အနေနဲ့ ဒီရောဂါကို ပိုနားလည်လာအောင် သူ့အကြောင်း သိလာအောင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုနေပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000112
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
." ဟုတ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000113
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီ ဗိုင်းရပ်စ်ပိုး နဲ့ ပတ်သက်ပြီး မသိသေးတဲ့ အချက်အလက်တွေက သိပ်များနေတာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000114
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီဗိုင်းရပ်စ်ပိုး သက်ရောက်မှုက ဘယ်လောက် ပြင်းထန်တယ်၊ ဘယ်လို ကူးစက်တယ် ဆိုတာတွေကို သေသေချာချာ မသိသေးတဲ့ အတွက် သူ့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ အာဖရိက၊ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုက သိပ္ပံပညာရှင် ဒါဇင်ဝက်လောက်က ပြောကြားကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000115
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
မျောက်ကျောက်လို့ အများသိကြတဲ့ Mpox ရောဂါဟာ အာဖရိက တိုက်က နိုင်ငံတချို့မှာ ၁၉၇၀ နှစ်တွေ ကတည်းက လူထုကျန်းမာရေး ဆိုင်ရာ ပြဿနာ တရပ်အဖြစ် ရှိခဲ့တာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000116
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါပေမယ့် ၂၀၂၂ နိုင်ငံအတော်များများမှာ ကူးစက်ဖြစ်ပွါး လာတဲ့ အချိန်အထိ ကမ္ဘာက သိပ် ဂရုမစိုက်ပဲ ထားခဲ့တာ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000117
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အဲဒီအချိန်က လည်း WHO က ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေနေ ကြေညာခဲ့တာ ဖြစ်ပြီး နောက် ၁၀ လအကြာမှာ ဒီအရေးပေါ် အခြေနေကို ရုတ်သိမ်းခဲ့တာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000118
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါပေမယ့် အာဖရိက ဒေသမှာတော့ ဒီရောဂါ ဖြစ်ပွါးမှုက ဆက်ပြီး တိုးနေခဲ့ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000119
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အခုတော့ ဒီရောဂါ ဖြစ်ပွါးစေတဲ့ ဗိုင်းရပ်စ်ဟာ မျိုးစိတ်သစ် တခုဖြစ်တဲ့ clade Ib အဖြစ် ပြောင်းလဲလာပြီး ကွန်ဂိုနိုင်ငံမှာ အလျင်အမြန် ကူးစက်ခဲ့တဲ့ အပြင် အိမ်နီးချင်း နိုင်ငံတွေကိုပါ ကူးစက်စေခဲ့တာကြောင့် WHO က အရေးပေါ် အခြေနေ ထပ်ကြေညာရတာ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000120
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အခုမျိုးစိတ်သစ်ကို clade I လို့ နာမည်ပေးထားပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000121
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ကွန်ဂို နိုင်ငံမှာတော့ မျောက်ကျောက်ရောဂါ ဖြစ်ပွါးနေတဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့ မိရာကနေ ဒီရောဂါ ကူးစက်ဖြစ်ပွါးနေတာ ဆယ်စုနှစ်နဲ့ချီ နေပါပြီ။
https://burmese.voanews.com/a/7765397.html
voa-mm-000000122
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
Mpox ရောဂါ ဖြစ်ပွါးသူမှာ အဖျားတက်တဲ့ လက္ခဏာမျိုး တွေ့ရသလို အနာတွေဖြစ်ပြီး၊ ပြည်တည်နာတွေကနေ တခြားလူကို သေစေတဲ့ ရောဂါတွေပါ ဝင်လာတတ်တာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000123
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ကွန်ဂိုမှာ clade I အမျိုးစားရော clade Ib အမျိုးစားပါ ပြန့်နှံ့ခဲ့တာဖြစ်ပြီး လူပေါင်း ၁ သောင်း ၈ ထောင်ကျော် အကူးစက်ခံရပြီး ဒီနှစ်ထဲမှာပဲ သေဆုံးရသူက ၆၁၅ ယောက် ရှိနေတယ်လို့ WHO က ကြေညာပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000124
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ပြီးခဲ့တဲ့ လထဲမှာပဲ တခြား အာဖရိက ၄ နိုင်ငံမှာ clade Ib ဖြစ်ပွါးသူ ၂၂၂ ယောက် ရှိကြောင်း အတည်ပြုခဲ့ပြီး ဆွီဒင်နဲ့ ထိုင်းနိုင်ငံတွေမှာတော့ တယောက်စီ တွေ့ခဲ့တာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000125
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီ လူ ၂ ယောက်ကလည်း အာဖရိက ကနေ ခရီးသွားသူတွေ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000126
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
မြန်မာနိုင်ငံမှာတော့ ဒီရောဂါ ကူးစက်မှု မကြုံရသေးပေမယ့် ဖြစ်လာရင် ကုသဖို့ ဝေဘာဂီ ဆေးရုံမှာ ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000127
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီမျောက်ကျောက် ရောဂါ ဟာ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တယ်လို့ ၂၀၁၇ မှာ ပထမဆုံး သတိပေးခဲ့သူက ဒေါက်တာ ဒီမီ အိုဂိုနာ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000128
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး သေသေချာချာ မသိရသေးတဲ့ အတွက် အာဖရိကမှာ မှန်းပြီး ကုနေရချိန်မှာပဲ ဒီပိုး ရှင်သန်ပြောင်းလဲမှုက သိပ်မြန်တဲ့ အတွက် စိတ်ပူစရာဖြစ်နေတယ်လို့ ပြောပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000129
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
" Mpox ရဲ့ ပြောင်းလဲရှင်သန်နှုန်းက သိပ်ကိုမြန်နေပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000130
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
clade 2 b ဗိုင်းရပ်စ် တုန်းက မျိုးစိတ်သစ် ဖြစ်လာဖို့ ၅ နှစ်လောက်ကြာပေမယ့် အခု clade 1 ကတော့ မျိုးစိတ်သစ် ဖြစ်တာ သိပ်မြန်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000131
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
နောက်ထပ် ဘာ မျိုးစိတ်သစ် ထပ်ဖြစ်လာမယ်၊ နောက်မျိုးစိတ်သစ်တွေမှာ ဘာတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်မယ် ဆိုတာ မှန်းလို့ မရပဲ ဖြစ်နေပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000132
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
." နိုင်ဂျီးရီးယားမှာ တွေ့ရတဲ့ ပိုးဟာ clade 2 b ဖြစ်ပြီး နောက်ထပ် အသွင်ပြောင်းဖို့ အတွက် ၅ နှစ် ကနေ အထက် အချိန်ကြာခဲ့တာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000133
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
သူက ၂၀၂၂ ခုနှစ်မှာမှ ကမ္ဘာတလွှား လူသားတွေကြား ကူးစက်ပြန့်ပွါးခဲ့တာ ဖြစ်ပေမယ့် Clade Ib ကတော့ တနှစ် တောင်မပြည့်သေးခင် အလားတူ ကူးစက်ပြန့်ပွါးလာတာ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000134
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
Mpox ဗိုင်းရပ်စ်နဲ့ ကျောက်ရောဂါ ဟာ orthopox virus မျိုးရင်းတူ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000135
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီကျောက်ရောဂါကို လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတည်းက ကာကွယ်ဆေးထိုးပြီး အမြစ်ဖြတ်နိုင်ခဲ့ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000136
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အခု clade Ib ကတော့ မနှစ်က ၂၀၂၃ စက်တင်ဘာ လလယ်လောက်မှာ စဖြစ်လာပြီး အသွင်ပြောင်းလာတဲ့ ဒီပိုးကို လူတွေမှာ ကူးစက်တာ တွေ့လာရတာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000137
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
Mpox ဗိုင်းရပ်စ်ဟာ အသွင်ပြောင်းဖို့သိပ်နှေးတတ်ပေမယ့် အခု ဖြစ်ပွါးတဲ့ မျိုးစိတ်သစ်ကတော့ ပြောင်းလဲမှု မြန်ဆန်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000138
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အရင်က ဒီရောဂါဖြစ်နေတဲ့ တိရိစ္ဆာန်နဲ့ ထိတွေ့မှာ လူကိုကူးစက်တာဖြစ်ပြီး အမျိုးအစားက clade Ia ပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000139
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါကို ကွန်ဂိုမှာ တွေ့နေရဆဲဖြစ်ပြီး ကူးစက်မှုနဲ့ သစ်တောပြန်းတီးမှု ဆက်စပ်နေတဲ့အပြင် ရောဂါဖြစ်နေတဲ့ တိရိစ္ဆာန် အသားစားမိရာကနေလည်း ဖြစ်ပွါးတတ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000140
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
သူကနေ တဆင့်ပြောင်းလဲသွားတဲ့ clade 1 b နဲ့ 2 b တို့ကတော့ လိင်ဆက်ဆံရာက ကူးစက်တယ်လို့ တောင်အာဖရိက ကူးစက်ရောဂါ အထူးကု ဖြစ်တဲ့ အာဖရိက ဒေသ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန CDC ရဲ့ mpox ရောဂါဆိုင်ရာ အကြံပေးကော်မတီ အကြီးအကဲ Salim Abdoool Karim ကပြောပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000141
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
" ကျနော် စိတ်ပူနေတာကတော့ ဒီရောဂါက လိင်ဆက်ဆံ ရာကနေ ကူးစက်တဲ့ ရောဂါ ဖြစ်လာနေပြီး ၊ အာဖရိကမှာက ဒီလိုမျိုး ကူးစက်ရောဂါတွေ ဘယ်လိုပြန့်သွား နိုင်တယ်ဆိုတာလည်း တွေ့ခဲ့ရတာကြောင့်ပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000142
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
သိပ်ဝေးဝေး ကြည့်စရာတောင် မလိုပါဘူး။
https://burmese.voanews.com/a/7765397.html
voa-mm-000000143
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ကျနော်တို့ရဲ့ တောင်အာဖရိက နိုင်ငံမှာတင် ဒီလိုကူးစက်ရောဂါမျိုး ဘယ်လို ပြန့်နိုင်တယ်ဆိုတာ တွေ့ခဲ့ရတဲ့အတွက် ဒီမှာပြန့်ပွါးနိုင်ခြေ ရှိနေပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000144
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါကြောင့် ကျနော်တို့ ဘာလုပ်ရမလဲ ဆိုတော့ ဒီလို ပြန့်မသွားအောင် ကာကွယ်ဖို့ အားလုံးဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုသလို အခြေနေ ဆိုးမလာခင် ကာကွယ်ရေးကို အခုပဲ စပြီးလုပ်ဖို့ လိုပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000145
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
." ကွန်ဂိုမှာ အမျိုးသမီး လိင်ဖျော်ဖြေရေး လုပ်သား အများစုမှာ clade Ib ဖြစ်ပွါးတာ တွေ့ရပြီး ရောဂါရှင်ကနေ သားသမီးတွေ ကူးစက်တာကို ကွန်ဂိုအရှေ့ပိုင်းက လူအများစုပြုံနေထိုင်ရတဲ့ ဒုက္ခသည်စခန်းတွေမှာရော၊ ဘူရွန်ဒီမှာပါ တွေ့နေရတာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000146
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
" ခပ် ရှင်းရှင်း ပြောရမယ်ဆိုရင်တော့။
https://burmese.voanews.com/a/7765397.html
voa-mm-000000147
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အားလုံးသိတဲ့ အတိုင်းပဲ အာဖရိက - က နိုင်ငံတော်တော်များများမှာ တီဘီ အဆုတ်နာရောဂါ ပြဿနာရှိပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000148
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒီ တီဘီရောဂါကို ထိန်းချုပ်သလို ဒါကို ထိန်းချုပ်ရမှာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000149
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါကတော့ ဘာရောဂါ ဆိုတာကို ခွဲခြား သတ်မှတ်ဖို့၊ ရောဂါဖြစ်နေသူနဲ့ ထိတွေ့သူ နောက် ခြေရာခံလိုက်၊ ဆက်သွယ်ဖို့၊ ကာကွယ်ဆေးထိုးဖို့နဲ့ စောင့်ကြည့်ဖို့၊ အပြင် ကုသပေးဖို့ နဲ့ ရောဂါဖြစ်သူနဲ့ ထိတွေ့နေသူတွေ၊ ရောဂါမရအောင် ကာကွယ်မှုတွေ ပေးဖို့ဖြစ်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000150
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
." အထူူးသဖြင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ခံအားနည်းသူတွေ မှာ ကူးစက်ဖို့ လွယ်ကူသလို မျောက်ကျောက်ရောဂါဟာ သေဆုံးတဲ့ အထိ အန္တရာယ် ပေးနိုင်တယ်လို့ WHO က သတိပေးပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000151
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ဒါပေမယ့် တခြား ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ ထိန်းချုပ်ဖို့ လုပ်နိုင်သလိုပဲ ဒီရောဂါ အတွက်လည်း ကာကွယ်ဆေးတွေ ရှိနေပြီဖြစ်တဲ့ အတွက် ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်နေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
https://burmese.voanews.com/a/7765397.html
voa-mm-000000153
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ယူနက်စကို ဇီဝဝန်းကျင်ထိန်းသိမ်းရေးတင်မကဘဲ အာဆီယံယဉ်ကျေးမှု အမွေအနှစ်စာရင်းပါဝင်နေတဲ့ အင်းလေးဒေသ ရေရှည်တည်တံ့ဖို့ သုတေသနပညာရှင်တွေ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000154
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
မေး။အင်းလေးဒေသဟာ တိမ်ကောလုနီးနေပြီဆိုပြီး အားလုံးက စိုးရိမ်နေကြပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000155
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဒီအင်းလေးဒေသနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာမိုးကျော်သူတို့ သုတေသနပညာရှင်တွေ အင်းလေး မတိမ်ကောအောင် ဘာတွေ လုပ်နေကြတယ်ဆိုတာ ပြောပြပေးပါ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000156
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဒေါက်တာမိုးကျော်သူ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000157
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အင်းလေးဟာ ငယ်ငယ်ကတည်းက စွဲစွဲလန်းလန်း ကြိုက်နှစ်သက်တဲ့ဒေသကြီးတခုပါ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000158
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အစားအသောက်ရော၊ ဒေသရှုခင်းတွေရော၊ ဒေသခံလူမျိုးတွေနေထိုင်ပုံရောပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000159
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီနောက်မှာ ကျနော်တို့ ဘူမိဗေဒ ကွင်းဆင်းလေ့လာမှုတွေမှာ အင်းလေးကို သွားတယ်၊ ရှမ်းပြည်ကိုသွားတယ်ဆိုတာ လုပ်နေကျ အစဉ်အလာကြီးတခုပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000160
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒါကြောင့် ဒီ အင်းလေးဒေသကို ကျနော်တို့ စွဲလန်းတာအပြင် အရမ်းကို နှစ်သက်တဲ့ ဒေသကြီးပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000161
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဘူမိဗေဒက အရင်ကတော့ နှစ်သန်းနဲ့ချီပြီးတော့ သမိုင်းကြောင်းကို လေ့လာကြတဲ့အချိန်ကနေပြီးတော့ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကစပြီး ဓါတ်ခွဲတဲ့နည်းပညာတွေက အရမ်းကိုတိုးတက်လာတဲ့အခါကျတော့ ကျနော်တို့က နှစ် ဆယ်ဂဏန်းလောက်အထိကို အသေးစိတ် ဓါတ်ခွဲပြီး လေ့လာနိုင်တဲ့အဆင့်ကို ရောက်လာတာ ပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000162
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီမှာ တိုက်ဆိုင်လာတာက ကျနော့်ကိုတာဝန်ပေးတဲ့ တူးဖေါ်ခြင်းဆိုင်ရာ နည်းပညာအသစ်အဆန်းတွေ၊ နည်းပညာအသစ်အဆန်းတွေလုပ်ဖို့ ဆိုတဲ့တာဝန် ၅ နှစ် အပေးခံရတဲ့အခါကျတော့ အဲဒီထဲမှာ မြန်မာနိုင်ငံကို အင်းလေးဒေသမှာလည်း တခါတည်း သုတေသနလုပ်ကြရအောင်ဆိုပြီးတော့ အပေါင်းအသင်းတွေနဲ့ တိုင်ပင်တာရှိပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000163
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ပတ်ဝန်းကျင်ကလည်း မှန်ပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000164
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
တိမ်ကောတယ်ဆိုတာကလည်း ကမ္ဘာကြီးက ပူနွေးလာတွေ၊ ရာသီဥတု ပြောင်းလဲဖေါက်ပြန်တာတွေကြောင့် ရေနည်းလာတာပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000165
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အထူးသဖြင့် ၂၀၁၀ ခုနှစ်မှာ အရမ်းကို သိသာလာပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000166
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
၂၀၁၀ မှာ ရေကျသွားတာကို ပုံထဲမှာလည်း ပြထားပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000167
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
(၁၉၉၀ - ၂၀၁၁ အတွင်း အင်းလေရေမျက်နှာပြင် အမြင့်ပြပုံ) ၂၀၁၀ မှာဆို ရေမျက်နှာပြင်က ကန်ရဲ့ သုညအမှတ် အောက်ကို ရောက်နေတယ်ဆိုတာက ကန်ရဲ့ မျက်နှာပြင်အတော်များများမှာ ရေမရှိတဲ့အဆင့်လောက်အထိကို ရောက်သွားခဲ့ပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000168
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဆိုတော့ ဒါမျိုးက နောင်ဘယ်လောက်ကျရင် နှစ်ခပ်စိပ်စိပ် ဒီလို ဖြစ်လာအုံးမလဲဆိုတာကို စိတ်ပူတဲ့အပိုင်းတွေရှိတဲ့အတွက်ကြောင့် ကျနော်တို့ နည်းပညာအသစ်နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းလာပုံကို အသေးစိတ်ပြန်ခွဲပြီးတော့လေ့လာမှုကို ကျနော်တို့ စပြီး ပြင်ဆင်ရခြင်းဖြစ်ပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000169
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
မေး။ဒီလိုလေ့လာတဲ့ အခါမှာ အင်းလေးကန်ရဲ့ပထမဦးဆုံး စိုးရိမ်စရာ အချက်ကဘာလဲ ပြောပြပေးပါ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000171
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဟုတ်ကဲ့ခင်ဗျ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000172
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ကျန်ခဲ့တဲ့ အနှစ် ၃၀ အတွင်းမှာ ရှိခဲ့တဲ့ သုတေသန မှတ်တမ်းတွေကို ကြည့်ရင်- ကျနော်က အင်းလေးကို သုတေသနအဓိကလုပ်တဲ့သူတယောက် မဟုတ်ဘဲ တူးဖေါ်ခြင်းနည်းပညာ၊ ဓါတ်ခွဲခြင်းနည်းပညာကနေမှ တဆင့် လေ့လာတာပါ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000173
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ပြန်ကြည့်လိုက်တဲ့အခါမှာ လူဦးရေတိုးလာတဲ့ ကိစ္စရယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000174
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ရေကန်ကြီးက ကြီးမလာဘူး။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000175
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒါအပြင် ရာသီဥတုတွေရဲ့ အပြောင်းအလဲတွေကြောင့် ရေကနည်းလာတဲ့ အပိုင်းတွေ၊ ကန်ကကျဉ်းလာတဲ့ အပိုင်းတွေ၊ တချို့ အထောက်အထားတွေအရဆိုရင် သုံးပုံတပုံလောက် အထိအောင် ကျဉ်းလာတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000176
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီလိုကျဉ်းလာချိန်မှာ လူဦးရေက တိုးလာတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000177
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ပြီးတော့ နိုင်ငံတကာကနေ အလည်အပတ်လာရောက်တဲ့ခရီးသည်တွေက အရမ်းများတယ်၊ တိုးရစ်နေထိုင်မှုတွေ များလာမယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000178
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ခရီးသွားတွေ များလာတဲ့အတွက် မော်တော်ဘုတ်တွေနဲ့ အသွားအလာတွေအရမ်းများလာပြီး ညစ်ညမ်းလာတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000179
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီတော့ ရေကနည်းလာမယ်၊ လူတွေက များလာမယ်၊ အပြင် အရေးကြီးတာတခုက ဘေးပတ်လည်တောင်တွေကနေကျလာတဲ့ အနည်တွေပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000180
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီ အနည်တွေက ထိုင်လာတဲ့ အတွက်ကြောင့် အင်းလေးကန် ရေထုထက်ကို ရေအောက်မှာရှိတဲ့ မြေထုက ပိုပိုများလာခဲ့တာပါ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000181
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အရေးကြီးတာ နောက်တခုကလည်း သစ်တောတွေပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000182
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
သစ်တောတွေက မြန်မာပြည်တခုလုံး လွန်ခဲ့တဲ့ အနှစ် ၃-၄၀ လောက်အတွင်းမှာ အရမ်းကိုပြုန်းတီးခဲ့တဲ့အချိန်မှာ ဒီအင်းလေးဒေသက သစ်တောတွေရဲ့ ပြုန်းတီးမှုကလည်း ဆိုးပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000183
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီတော့ အားလုံးခြုံလိုက်တဲ့အခါကျတော့ ညစ်ညမ်းမှုဖြစ်လာတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000184
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ပြီးတော့ အညစ်အကြေးစွန့်တာကလည်း အားလုံးသိတဲ့အတိုင်း အင်းလေးကန်ထဲမှာ မိလ္လာစံနစ်ဆိုတာကလည်း စံနစ်တကျထားတာမဟုတ်ဘဲ ဒီရေကန်ကြီးကိုပဲ သုံးနေတာဖြစ်တဲ့အတွက်ကြောင့် အညစ်ကြေးကများလာ၊ အောက်ဆီဂျင်ကနည်းလာတဲ့အခါမှာ ငါးတွေကိုလည်း ထိခိုက်တယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000185
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဒီရေကိုသုံးနေတဲ့ လူတွေအတွက်လည်း ကျန်းမာရေးထိခိုက်တယ်ဆိုတဲ့အပိုင်းတွေက အထောက်အထားတွေ အများကြီး ရှိနေပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000186
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
မေး။ဆိုတော့ အဓိကက သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းတာပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000187
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဒီ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းတာကို သုတေသန ပညာရှင်တွေ ဘာတွေ လုပ်ပေးနိုင်ပါသလဲ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000190
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ကျနော်တို့လုပ်ပေးနိုင်တာ၊ အခု လောလောဆယ် ပြင်ထားတာ ပေ့ါနော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000191
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
လွန်ခဲ့တဲ့ ၆ နှစ် - ၇ နှစ်ကစပြင်ထားတာ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000192
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဒါပေမယ့် အကြောင်းကြောင်း အဆင်မသင့်တဲ့အတွက် ဂျပန်နိုင်ငံရဲ့အစိုးရရဲ့ အထောက်အပံ့ကိုရဖို့ ပြင်ဆင်တဲ့ အပိုင်းမှာ နည်းနည်း နှောင့်နှေးနေတဲ့အပိုင်းတွေရှိတဲ့ ကြာနေတာပါ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000193
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ကျနော်တို့ ပြင်ဆင်ထားတဲ့အပိုင်းကို ပြောမယ်ဆိုရင်တော့ အခုချိန်ထိ ရှိခဲ့တာက ရေကန်ရဲ့အနှံ့မှာ ရေရဲ့ နမူနာယူတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000194
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ရေကန်ရဲ့အောက်ခြေက အနည်ကနေ တိမ်တိမ်ပဲပေါ့နော်- ပြောရင် စင်တီမီတာ ၂၀-၂၅ လောက်ပဲ ရှိတဲ့ နမူနာလေးတွေ၊ အနည်လေးတွေကို ယူလိုက်တယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000195
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ယူပြီးတော့မှ အဲဒါတွေကို ဓါတ်ခွဲစမ်းသပ်ပြီးတော့ ပြောတာပါ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000196
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီမှာတင်ကို ကျနော်တို့က ဒီရေဟာ သောက်သုံးတဲ့ နေရာမှာ အန္တရာယ်ကင်းတဲ့ အဆင့်ကိုမမီဘဲ သူက ပိုး-ဘက်တီးရီးယားတွေ ရှိနေတယ်ဆိုတာမျိုးကို တိတိကျကျသိရတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000197
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ရေကန်ကြီးဟာ ပထဝီအနေထားအရ တွက်ချက်မှုတွေအရ ရေကန်ရဲ့ရေရှိတဲ့ နေရာကလာမယ့် အနှစ် ၇၀၀ ဆိုရင် တိမ်ကောမယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000198
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ရေကန်ရဲ့ ဘေးဘက်က ရေ အတက်အကျရှိတဲ့ နေရာတွေက စိုထိုင်းတဲ့နေရာတွေ ဆိုရင် လာမယ့် အနှစ် ၁၂၀ ဆိုရင် အဲဒါတွေက ပျောက်ကွယ်သွားနိုင်တယ် ဆိုတဲ့ ခန့်မှန်းခြေတွေ ရှိလာပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000199
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီတော့ ခုနမေးတဲ့ မေးခွန်းကို ပြန်ကောက်ရရင်၊ ကျနော်တို့က ခုနပြောတဲ့ ၂၅ စင်တီမီတာ မဟုတ်ဘဲနဲ့ ၁၀ မီတာကနေ မီတာ ၁၀၀ လောက် အထိကို အရမ်း အရည်အသွေးကောင်းမွန်တဲ့ လွန်တွင်း တူးတဲ့နည်းပညာနဲ့ ကျနော်တို့က တူးယူမယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000200
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
တူးယူပြီး တော့မှ အဲဒီနည်းပညာနဲ့ ပဲ ဓါတ်ခွဲတာ တွေကို မီလီမီတာ စကေးလောက်အထိကို အသေးစိတ် ဓါတ်ခွဲမယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000201
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ပြောရရင် နှစ် ၁၀ နှစ်လောက် အတောအတွင်းမှာ အပြောင်းအလဲ ဖြစ်တဲ့ ဒီ တိုးပွါးလာတဲ့ ညစ်ညမ်းလာတဲ့ အခြေအနေအကုန်လုံးကို အသေးစိတ်ပြောပြနိုင်မယ့် အနေထားမျိုးအထိအောင် ကျနော်တို့ သုတေသနလုပ်ဖို့ မှန်းထားပါတယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000202
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ပြင်ဆင်ထားတယ်ပေါ့နော်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000203
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
မေး။ဒီလိုမျိုး သုတေသနတွေလုပ်ပြီးတော့ အင်းလေးကန်အတွက်ကို စဉ်းစားနေတယ်ဆိုတော့ အခု လောလောဆယ် အင်းလေးကန်ကြီး အခု သဘာဝ ဝန်းကျင် ညစ်ညမ်းနေတာနဲ့ပတ်သက်ပြီး တားဆီးဖို့ ဘာတွေ ပြုပြင်သင့်သလဲ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000205
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ဟုတ်ကဲ့ ခင်ဗျ။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000206
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
ကျနော်တို့ရဲ့ သုတေသန ရလဒ်ကနေပြီးတော့ ပထမဆုံးအဆင့်က အထောက်အထား အပြည့်အစုံနဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀- ၄၀- ၃၀ အတွင်းမှာ ဘယ်လောက်တောင် ဒီကန်အတွင်းမှာ ရှိတဲ့ နေရာဒေသပေါ်မူတည်ပြီး ကန်ရဲ့မြောက်ဖက်ဖျား၊ အလယ်၊ ကန်ရဲ့ အနောက်ဘက် ကန်ရဲ့ တောင်ဘက်နေရာမျိုးတွေမှာ ညစ်ညမ်းမှုပွါးလာတာကို အထောက်အထားနဲ့ အသေးစိတ် ပြောပြနိုင်မယ်။
https://burmese.voanews.com/a/khin-myo-thet-sinence-and-technology-inle-/7332444.html
voa-mm-000000207
အင်းလေးအတွက် သုတေသန
၃၀ အောက်တိုဘာ၊ ၂၀၂၃
အဲဒီလို ပြောပြနိုင်ပြီဆိုရင် အဲဒီ အချိန်တွေအတွင်းမှာ ဒီကန်ကြီးမှာနေထိုင်တဲ့ လူတွေနေထိုင်မှု၊ သဘာဝရာသီဥတု ပြောင်းလဲမှု အခြေနေတွေနဲ့ ဆက်စပ်စဉ်းစားပြီးရင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတွေဆီကို အသေးစိတ်အစီရင်ခံတာမျိုး လုပ်ပေးနိုင်ပါတယ်။